Saturday, August 18, 2012

တစ်သက်လုံးစာအတွက်

တစ်သက်လုံးအတွက်ပေါ့ မိန်းကလေးတစ်ယောက်ကိုလွမ်းတယ် ကောင်မလေးတစ်ယောက်ကိုချစ်တယ် ပြန်မရနိုင်တော့တဲ့တိတ်တစ်ခုနဲ့  ရှေ့မဆက်ရဲတဲ့ပစ္စုပန်လမ်းရယ် တစ်သက်စာအလွမ်းတွေနဲ့ ပေါ့ တစ်သက်စာချစ်ခြင်းတွေကိုပါဆယ်ထုတ် လမ်းဘေးမှာပုံရောင်းရင်တောင် ၀ယ်စားမဲ့သူတော့မရှိကြဘူး အလကားရသလောက်ဈေးဆစ်ကြတယ် တန်းဖိုးဖြတ်ကြတယ်သူတို့ သဘောတိုင်း သေသေရှင်ရှင်သူတို့ နဲ့ မဆိုင်သလို ပျော်တော်ဆက်လိုသဘောထား ထားရာမှာနေမယ်သွားတဲ့နေရာတိုင်းက သူတို့ အလိုကျသူတို့ သဘောအတိုင်း ကြိုးဆွဲရာကနေရတဲ့ရုပ်သေးရုပ်လို ခံစားချက်ပေါက်လို့ လဲလူမသိဘူး မျက်ရည်တွေပွင့်ထွက်လာလဲလူမမြင်ဘူး တသွင်သွင်စီးနေတဲ့မြစ်ကြီးဖြစ်လို့  လူမသိသူမသိနဲ့ ဖြစ်နေတဲ့ဘ၀ ရှင်သန်ရာဘ၀တိုင်းမှာလိုချင်တာမရတောင် လိုအပ်ချက်လေးတွေမရှိစေချင်ဘူး တစ်သက်စာအတွက် တစ်ဘ၀လုံးစာအတွက်ပေါ့..။